သတင်းများ

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကြောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပပြုလုပ်
Feb 22,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ရေးမြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
Feb 22,2020
မွန်ပြည်နယ် ရေးမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှ ဝဥသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မင်းလှ မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်
Feb 22,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မင်းလှ မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်
Feb 22,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။
ထားဝယ်မြို့၌ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
Feb 22,2020
AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ကျင်းပသည်။
ထန်တလန်၌ ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက တက်ရောက်လာကြသူများကို အားပေး အမှာစကားပြောကြား
Feb 22,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) က ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များလျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက TABC ခန်းမ၌ ကျင်းပသည်။
မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ်ဖွင့်ပွဲ ကျင်းပ
Feb 22,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမ အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈:၃၀ နာရီက မြို့နယ်သမဝါယမအသင်းစု ရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် ကြက်သွန်စိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း သင်တန်းဖွင့်လှစ်
Feb 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနက ကြက်သွန်စိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းသင်တန်းကို ယနေ့နံနက် (၈)နာရီတွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။