သတင်းများ

ဘားအံမြို့နယ် ၊ အုန်းတပင်-လှာကဒေါင်ကျေးရွာအုပ်စု နယ်နမိတ်ကြား နိုင်းကြာကျောင်း အဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲ ကျင်းပ
Feb 22,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာအုပ်စုတို့ ထိစပ် နယ်နမိတ် နိုင်းကြာဘုန်းတော်ကြီးကျောင်း အဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန်အလှူငွေလှူဒါန်း
Feb 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အလှူရှင် မိသားစု တို့က လှူဒါန်းခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ ဆန်းစစ်စီမံခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020) ကျင်းပ
Feb 22,2020
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကြီးမှူးကျင်းပသည့် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020 )ကို မန္တလေးမြို့၊ ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ Hilton Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Feb 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ပရိတ်သတ်များက “ဖက်စိမ်းကွမ်းတောင်” ရွှေဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်
Feb 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ဘဝသစ်ကျေးရွာ ဘုရားကျောင်းတွင် ယမန်နေ့ နေ့လည်(၁) နာရီခွဲ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်တွင် ယခင်နှစ်ကထက် ပြောင်းဖူးဈေးနှုန်းများ ဈေးပိုရောင်းရသဖြင့် စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ များသည် ဖူးစားပြောင်းကို နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုး တောင်သူများ စီးပွားရေး တွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
တောင်ငူမြို့နယ် အင်ဒိုင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 22,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ သာသနာ့သိပ္ပံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။