သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 08,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ လောကချမ်းသာဓမ္မာရုံနှင့် သိန္တသုခဓမ္မာရုံ၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ
Sep 08,2025
မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်းကုန်းဘုရားဝင်းအတွင်းရှိ မဟာမုဒိဓာတ်ပေါင်းစုံ ဓမ္မာရုံအတွင်း၌ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မိုင်းစံမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပ
Sep 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
တာလေမြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 08,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 08,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် အသိပညာပေးခြင်းနှင့်လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို အမရပူရကော်ရှင်အဖွဲ့ခွဲမှ စက်တင်ဘာ ၃ ရက်နေ့မှ စတင်ပြီးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြော
Sep 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ (၅) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဘိုကလေးမြို့နယ် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့နှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး
Sep 08,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပသည်။