တာလေမြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တာလေ  စက်တင်ဘာ ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၅ ရက်နံနက် (၁၀)နာရီက ကျင်းပသည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များနှင့် တာလေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးဆိုင်ရာကိစ္စရပ်များနှင့် တာလေမြို့ဖွံ့ဖြိုးတိုးရေးဆိုင်ရာလုပ်ငန်းများကို ဌာနအလိုက်အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)