မိုင်းဖြတ်အဝင်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းစ၍ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးဘေး မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ဖွင့်လှစ်ထားကြောင်း သိရ သည်။