သတင်းများ

ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များ လွှဲပြောင်းပေးအပ်
Jul 15,2021
ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ငါးမျိုးပြုန်းတီးမှုများ ကာကွယ် တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်း ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့လူနာ(၂၉)ဦး ထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၁)ဦး အထိရှိလာ
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
လောက်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရောဂါကြိုတင်ကာကွယ်မှု စစ်ဆေး
Jul 15,2021
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရောဂါကြိုတင်ကာကွယ်မှုများကို စစ်ဆေးခဲ့သည်။
ပင်းတယမြို့၌ ခရမ်းချဉ်သီးခူးဆွတ်ရောင်းချ၊ တောင်သူများဈေးကောင်းရရန် မျှော်လင့်
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင်လ ပထမအပတ်မှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် ယခင်လက တစ်ပိဿာ (၁၀၀၀) ကျပ်နှုန်းမှ ယခုအခါ တစ်ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့်သာ ခူးဆွတ်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ကိုဗစ်-၁၉ တတိယ လှိုင်းတွင် အသွားအလာ ကန့်သတ်မှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဈေးအရောင်းအဝယ် အေးနေကြောင်း သိရသည်။
သီပေါမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း
Jul 15,2021
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိစုစုပေါင်း အတည်ပြုလူနာ ၁၁၄ ဦးရှိပြီဖြစ်
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ ရုံးဝင်း ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကံသာဦးရပ်ကွက်မှ အမျိုးသား တစ်ဦး၊ နန်းတုတ်ကျေးရွာအုပ်စု နန်းတုတ်ရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ ဘန်းပြင်ဘုန်းကြီးကျောင်းမှ အမျိုးသားတစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအား နေ့စဉ်နံနက် ၆ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိသာ ဖွင့်လှစ်ရောင်းချရန် ထုတ်ပြန်ကြေညာ
Jul 15,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအား ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးရည်ရွယ်ချက်ဖြင့် ဇူလိုင်လ၁၆ရက် နေ့မှ စတင်ပြီးနေ့စဉ် နံနက် ၆ နာရီမှမွန်းလွဲ ၁ နာရီအချိန်ထိသာ ဖွင့်လှစ်ရောင်းချရန် ယနေ့ဇူလိုင်လ ၁၅ရက်နေ့တွင် သက်ဆိုင်ရာက ထုတ်ပြန်ကြေညာထား ကြောင်းသိရသည်။
Stay at Home အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အရှိန် အဟုန်မြှင့်ဆောင်ရွက်
Jul 15,2021
ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မဖြစ်ပေါ်စေရေးအတွက် Stay at Home အစီအစဉ်သတ်မှတ်ချက်နှင့်အညီ စိစစ်ကြပ်မတ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့တွင်းကားလမ်းများတွင် သွားလာသူများစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိ  ရသည်။