သတင်းများ

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ လှူဒါန်းသော သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်နှင့် သတင်း မီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များအား ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ ပြန်လည်လှူဒါန်း
Jul 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ နံနက် (၁၁) နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ် များအား သတင်း မီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့် သတင်းမီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များကို ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် အနံ့ပျောက်လူနာ (၃၀)ဦးအနက် (၁၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့က အနံ့ပျောက်လူနာ (၃၀) ဦး အား ကျန်းမာရေးစစ်ဆေးခဲ့ရာ (၁၈) ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်မှု မရှိစေရေးအတွက် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး
Jul 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် ကော်မတီဝင်များက ယနေ့နံနက်ပိုင်းက အုတ်ဖြတ်လမ်းဆုံတွင် လမ်းသွား လမ်းလာသူများအား နှာခေါင်စည်း(Mask) တပ်ဆင်​​ခြင်း ရှိ၊ မရှိ ၊ ပါဆယ်စနစ်ဖြင့် ရောင်းချ​​ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော အခြေခံပညာ ကျောင်းများမှဆရာဆရာမ ၁၇၅ ဦးအား ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ နေ့လည် ၁၂ နာရီအချိန်အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း အထူးကြပ်မတ်စီစဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ဆောင်ရွက်လျှက်ရှိ
Jul 15,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ အေးရိပ်သာကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့က အောက်ဆီဂျင်စက်ရုံတည်ဆောက် ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ်(၂၄)ဦး ထပ်မံတွေ့ရှိ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံအတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းများ ကို ယနေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၂၄)ဦး တွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လှည့်လည်စစ်ဆေး
Jul 15,2021
ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်အဖွဲ့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လှည့်လည်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲပိုင်း က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်
Jul 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မီးသတ်ယာဉ်ဖြင့် အသိပညာပေးခြင်းအား ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။