သတင်းများ

ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများအား ဖြူးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 29,2021
မေး ။  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေမှာဖြူးပြည်သူ့ဆေးရုံအနေနဲ့ ပိုးတွေ့လူနာ တွေကို ကုသဆောင်ရွက်ပေးထားမှုနဲ့ ၎င်းတို့နဲ့ထိတွေ့သူတွေကို ကိုဗစ်စင်တာတွေဆောင်ရွက် ပေးထားမှုအခြေ အနေ တွေကိုသိပါရစေခင်ဗျ။ ဖြေ  ။  ဟုတ်ကဲ့ရှင့် ဖြူးမြို့နယ်အတွင်းမှာဆိုရင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုး နေလျက် ရှိပြီးယနေ့ထိ(၉၇၈)ဦး၊ သေဆုံးသူမှာ(၄၄)ဦးအထိရှိနေပါတယ်။ဒါဟာဆိုရင် ဇူလိုင်လ (၂၇)ရက်နေ့ ညနေပိုင်းထိပါ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူတွေကို ဖြူးဆေးရုံ အထူးကြပ်မတ် ကုသဆောင်၊ အထက (ညောင်ပင်သာ)၊ တိုက်နယ်ဆေးရုံ(ညောင်ပင်သာ)   တိုက်နယ်ဆေးရုံ(‌ဇေယျ၀တီ)၊ အထက(၁)ဖြူး စတဲ့ ဆေးကုသရေးCenterတွေအထူးကြပ်မတ် ကုသပေးနေလျက် ရှိပါတယ်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် ဆက်စပ်သူများအားဖြူးမြို့နယ်အထက(၃)၊ အထက-၁(ဇေယျ၀တီ‌မြို့)၊ အထက-၁(ကညွတ်ကွင်းမြို့)၊ အောင်တော်မူခန်းမ(ကညွတ်ကွင်းမြို့) Quarantine   Centerတွေမှာ    ကန့်သတ်   စောင့်ကြည့် မှုတွေဆောင်ရွက်ထားပြီး ကြိုတင်ပြင်ဆင်ထားမှုအနေနဲ့ သာသနာ့ဗိမ္မာန်(ဖြူး)၊ မိုးကုတ်ရိပ်သာ(ဖြူး)၊ ရွှေစေတီဘုန်းကြီးကျောင်း (ဇေယျဝတီမြို့)Quarantine Centerတွေ ပြင်ဆင်ထားတာရှိပါတယ်။
လောက်ကိုင်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စု(၄၂)စု ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
Jul 29,2021
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့်အဖွဲ့ဝင် များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ချောချောအေးနှင့် covid -19 ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာလူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ လောက်ကိုင် မြို့နယ်တာရွှေထန်ကျေးရွာအုပ်စု၊ တာရွှေထန်ကျေးရွာပြည်သူများသို့ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှပံ့ပိုးသော covid – 19 ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နာခေါင်းစည်း (Mask) (၅၀၀၀၀) ခု၊ PPE ဝတ်စုံ (၃၅၀)စုံ၊ ခေါင်းစွတ်(၃၅၀)ခု၊ လက်အိတ်(၁၇၅၀)စုံ၊ အရက်ပျံ(၁၈)ဖာ၊ ရေသန့်မှုန့်(၂)ဖာ၊ Handgel (၁၈)ဖာ၊ ခေါက်ဆွဲခြောက်(၅၀)ဖာ ၊ ဆေးဖျန်းဆေးရည်(၁၈)ဗူးများအား ထောက်ပံ့လှူဒါန်းခဲ့သည်။
ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဘေးသတိပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်
Jul 29,2021
မွန်ပြည်နယ်၊သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မြိုနယ် မီးသတ်ဦး စီးဌာနမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်များကို ယမန်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြစ်ကြောင်းတစ်လျောက် Hand Speakerဖြင့် လိုက်လံ အသိ‌ပေး ဆောင်ရွက်လျက်ရှိသည်။
ကျိုက်ဒုံမြို့ရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု (၆၁)စုအားဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ပေးအပ်
Jul 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင် သရေမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ်(၅၁၈)စင်တီမီတာသို့ ကျော်လွန်ပြီး(၆၂၀) စင်တီ မီတာသို့ရက်ရှိခဲ့သည့်အတွက် ကျိုက်ဒုံမြို့တွင်ရေကြီးမှုများ ဖြစ်ပွားသည်။
ဟင်္သာတမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး ရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ဟင်္သာတမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကိုဗစ်-၁၉ ရောဂါ သံဃာတော်များအတွက် ဖွင့်လှစ်မည့် မင်းဓမ္မစင်တာနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်သို့ သွားရောက်ကာ သံဃာတော်များသီးသန့် ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ဆေးပြီး အောက်ဆီဂျင်ပိုက်လိုင်း ထုတ်လုပ် သည့် စက်ပေးပို့ခြင်းနှင့် ပိုက်လိုင်းများသွယ်တန်းရေး၊ အောက်ဆီဂျင်ဆလင်ဒါအိုးများ ဖြည့်သွင်း ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ရေစကြိုမြို့နယ်တွင် အောက်စီဂျင်အခမဲ့လူမှုကူညီရေးအသင်းက အောက်စီဂျင်များ အခမဲ့ဖြည့်တင်းပေးလျက်ရှိ
Jul 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၅-၆-၂၀၂၁ ရက်နေ့မှစ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၉၈ ဦး၊ သေဆုံးသူ ၅ဦး ရှိနေပြီဖြစ်ရာ ရောဂါပိုးကူးစက်ခံရသူများအနေဖြင့် အောက်စီဂျင်လိုအပ်ပါက အောက်စီဂျင်အခမဲ့လူမှုကူညီရေးအသင်းက အောက်စီဂျင်များအခမဲ့ ဖြည့်တင်း ပေးလျက်ရှိကြောင်း သိရသည်။ 
ကော့ရိတ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များသို့ ရေများဝင်ရောက်ပြီး ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ 
Jul 29,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ​ကော့ကရိတ်မြို့၌ ဇူလိုင်(၂၅)ရက်​နေ့မှ မိုးအဆက်မပြတ် ရွာသွန်းကာ ​ဟောင်သ​ရောမြစ်​ရေ၊ ဂျိုင်းမြစ်​ရေလျှံမှု​ကြောင့် ​ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့​ပေါ်ရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၂)ရွာတို့ရှိ အိမ်ထောင်စု (၆၅၀၃) စုရှိလူနေအိမ်များ အတွင်းသို့ ရေများဝင်ရောက်လျက်ရှိပြီး ယမန်နေ့ညနေပိုင်းက အိမ်ထောင်စု(၁၇၇)စုတို့အား ရေလွတ်ရာနေရာသို့ ပြောင်း‌ရွေ့‌နေထိုင်လျက်ရှိကြောင်း သိရသည်။