သတင်းများ

မောင်တောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေးအပ်
Jul 29,2021
ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်၌ ဇူလိုင်(၂၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ  ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုများ အောင်မြင်စွာထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2021
ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုများ အောင်မြင်စွာထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၄)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ် စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အသီးသီး လှူဒါန်းခဲ့သည်။
ပေါင်းတည်မြို့နယ် Quarantine Centre များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ပေါ်ရှိ Quarantine Centre (၅) ခုတွင်ထားရှိသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများ၊ ရောဂါပိုးထိတွေ့ ဆက်စပ်သူများနှင့် တာဝန်ပေးထားသော Volunteer များအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းကိုကိုနိုင်နှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Jul 29,2021
ပဲတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း တဖြေးဖြေး မြင့်တက်လာသဖြင့် ထိန်းချုပ်ကာကွယ်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် သဲကုန်းမြို့နယ် အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးများက ယနေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများမှ စေတနာ့ဝန်ထမ်း(၇၀)ဦးအား ပထမအကြိမ် ထိုးနှံပေး
Jul 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများမှ စေတနာ့ဝန်ထမ်း (၇၀)ဦးအား ယနေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ ကြီးကြပ်ပေါင်းစပ်မှုဖြင့် မြေပြိုဘေးခံစားရသည့် နေအိမ်(၉)အိမ် အတွက် အလှူရှင်များမှ အလှူငွေသိန်း(၁၂၀)ထောက်ပံ့
Jul 29,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် ဇူလိုင် ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုဘေးခံစားရသည့် နေအိမ်(၉)အိမ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘေးဒုက္ခခံရသည့် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။