သတင်းများ

ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦး အောင်မြင်စွာ မွေးဖွား
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦးအား ဩဂုတ်လ(၁၀)ရက်က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးမိခင်နှင့်ကလေး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး စင်တာများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်ပြည်သူများမှလှူဒါန်း သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဓာတ်စာများပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း အောက်စီဂျင်လုံလောက်စွာရရှိရေးအတွက် သုဂတိရှင် နာရေးကူညီမှုအသင်း၏အစီအစဉ်ဖြင့်  ဝယ်ယူသည့်အောက်စီဂျင်စက်သစ်ရောက်ရှိ မြို့မိမြို့ဖများ အစီအစဉ်ဖြင့် ဝယ်ယူမည့်စက်လည်း မကြာမီရောက်ရှိတော့မည်ဖြစ်
Aug 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အောက်စီဂျင်လိုအပ်ချက်ကို တစ်ဖက်တလမ်းမှဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက်၊ သုဂတိရှင်နာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့်၊ တရုတ်နိုင်ငံထုတ် အောက်စီဂျင်စက်သစ်မှာ ယနေ့ နံနက် (၈) နာရီခွဲခန့်က အဆိုပါ စက်ထားရှိမည့် အသင်းရုံးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
ဖောင်းပြင်မြို့နယ်၌ လူဦးရေ(၃၂၄၄)ဦးအား ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံပြီးစီး
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဖောင်းပြင် မြို့နယ်တွင်   ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ်နေရာများ၌ ဦးစားပေး အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၃၂၄၄)ဦးအား ထိုးနှံပြီးစီးကြောင်း သိရသည်။
မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်းဖြစ်ပေါ်
Aug 11,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယနေ့ မနက် ၆ နာရီခွဲ အချိန်က မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုများခြင်းကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆန်၊ဆီ၊စားသောက်ကုန်နှင့်ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆန်၊ ဆီ၊ စားသောက်ကုန်နှင့်ရောဂါကာကွယ်ရေး ပစ္စည်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ ရသည့် လူနေအိမ် ၁၆ လုံးအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 11,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာ အုပ်စု၊ အောင်သာကျေးရွာ၊ မိုးကွဲကျေးရွာ အုပ်စု၊ ချင်းယားကျေးရွာတို့၌ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံးနှင့် အိမ်ထောင်စု ၁၆ စုအတွက်ထောက်ပံ့ပေး အပ်ပွဲကို ဩဂုတ်၁၀ရက် နေ့လယ်၂နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။