သတင်းများ

ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် ခရိုင်ဌာနဆိုင်ရာများမှ လှူဒါန်းငွေ များအား Positive Centre ရှိလူနာများနှင့် Volunteer များထံသို့ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Aug 13,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာ များမှ လှူဒါန်းထားသည့်ငွေများအား Positive Centre ရှိလူနာများနှင့် Volunteer များထံသို့ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက် သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများ သိုလှောင်၍အမြတ် တင်ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက်အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
Aug 13,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆေးဝါးများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၀၁)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ
Aug 13,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၀၁)ဦးကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က   တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ​ပေး
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမ တစ်ကြိမ် ထိုးနှံပြီး ဒုတိယအကြိမ် မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​နေ့ နံနက်(၈) နာရီအချိန်က မြို့နယ်ပြည်သူ့​ဆေးရုံ ဆာဆာကာဝါခန်းမတွင်ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
Aug 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(တတိယလှိုင်း) ကာကွယ် ထိန်းချုပ်ရေး နှင့်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ယနေ့ နံနက် ၁၁ နာရီတွင် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဆွေးနွေး
Aug 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာအကြောင်း ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။