တောင်ကြီး သြဂုတ် ၁၃
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆေးဝါးများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါသည် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိယလှိုင်းအဖြစ်ရောက်ရှိ ပြီးကမ္ဘာအနှံ့တွေ့ကြုံခံစားရကာ အသက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း တတိယလှိုင်းကာလတွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁)ရက်နေ့မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၃၉၃၆)ဦး တွေ့ရှိခဲ့ရပြီး (၇၃၂)ဦးသေဆုံးခဲ့ပါကြောင်း၊ ရောဂါပိုးကင်းစင်သူ (၁၆၆၀၉)ဦး၊ ရှိခဲ့ပြီး လက်ရှိ(၆၅၉၅)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလိုရောဂါပိုးတွေ့ရှိ ရသည့်အတွက် ရှမ်းပြည်နယ်အတွင်းကုသရေးဆေးရုံ (၈၇)ခု၊ Positive Center (၉၉)ခု၊ ကုသရေးစင်တာ(၆၂)ခု၊ စုစုပေါင်း (၂၀၇)ခုဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ Volunteer များက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များနှင့်ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁ခုနှစ်၊ မေလမှယခုသြဂုတ်လအထိ ကျပ်သန်းပေါင်း (၄၅၀)ကျော် ထောက်ပံ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း Volunteer များသို့ စားသောက်စရိတ်နှင့် စက်သုံးဆီ ကုန်ကျ စရိတ်ထောက်ပံ့ငွေကျပ်(၄၄၀.၇၆၀)သန်းကို ထောက်ပံ့နိုင်ရေးစီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အစိုးရနှင့်ပုဂ္ဂလိကစက်ရုံ(၂၁)ခုမှ အောက်စီဂျင် တစ်ရက်လျှင်(၉၁၀၈၀) လီတာ ထုတ်လုပ်လျက်ရှိပြီး ဆက်လက်၍ တည်နေရာ(၁၅)ခုမှာ တစ်ရက်လျှင်(၅၄၈၈၀)လီတာ ထပ်မံထုတ်လုပ်နိုင်ရေး စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ အောက်စီဂျင် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရမှ Oxygen Plant များတည် ဆောက်ရေးအတွက် ငွေကျပ်(၄၂၆.၈၅၀)သန်းကို ထောက်ပံ့ပေးချေဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယနေ့လှူဒါန်း သည့်အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများမှ စနစ်တကျသုံးစွဲ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ လုပ်ငန်းကိုပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်း ပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာများကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍အလှူရှင်များမှ အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ မောရှမ်းအများပိုင် ကုမ္ပဏီလီမိတက်တောင်ကြီးမှ Oxygen 40 Liter(၁၀၀)လုံးနှင့် Flow Meter (၁၀၀)ခု၊ ဦးတင်မြင့်(တင်မြင့်ရီ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်)မှ ငွေကျပ်သိန်း(၃၀၀)၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ် (၁၇၁)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေကျပ် (၁၅၀)သိန်း၊ ပြည်နယ် စည်ပင် သာယာရေးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သောကုမ္ပဏီများနှင့်အလှူရှင်များမှစုပေါင်းလှူဒါန်း ငွေကျပ် (၁၀၆.၅၀)သိန်း၊ IGE Co.,Ltd မှ အလှူငွေကျပ်သိန်း(၁၀၀)တို့ကိုအသီးသီးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြည်လည် ပေးအပ်၍လည်းကောင်း၊ ဦးဘရန်မိုင်၊ ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ်ကုမ္ပဏီမှ အလှူငွေကျပ်သိန်း(၁၀၀)၊ ဦးဖြိုးဝေသိန်း Smart & Style Construction Co.,Ltd မှငွေကျပ်သိန်း(၁၀၀) ပြည်နယ်လမ်းဦးစီးဌာနမှ ငွေသား(၇၂)သိန်းနှင့် ဆေးဝါးပစ္စည်း(၁၈)သိန်း၊ ဦးစိုးလင်း(ရှမ်းချယ်ရီတောင်တန်းကုမ္ပဏီ)ငွေကျပ်သိန်း(၅၀)၊ တာချီလိတ် မီးလင်းရေးကော်မတီမှငွေကျပ်သိန်း (၅၀)၊ DENKO ကုမ္ပဏီမှငွေကျပ် သိန်း(၅၀) ပေးအပ်လှူဒါန်းရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်မှ လက်ခံရယူပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍လည်းကောင်း၊ ဦးမောင်မောင်ဝင်း(ခ) ဦးအားချန် လွယ်မွေဆောက်လုပ်ရေး ကုမ္ပဏီမှငွေကျပ်သိန်း(၅၀)၊ ဦးသော်တာ (လျှံထူးအောင်ကုမ္ပဏီ)မှ ငွေကျပ်သိန်း(၃၀)၊ ဦးမောင်တိုး(ချယ်ကွင်းဟိုတယ်)မှ ငွေကျပ်သိန်း(၃၀)၊ ဒေါ်နန်းနှင်းနွယ်(ပြည့်ဖြိုးကြွယ်ကုမ္ပဏီ)မှ ငွေကျပ်သိန်း(၃၀)၊ နေမင်းရောင် ကုမ္ပဏီမှငွေကျပ်သိန်း(၃၀)တို့ကိုပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန် လည်ပေးအပ်၍လည်းကောင်း၊ ဦးကျော်စိုး (အောင်ဘုန်းပြည့် ကုမ္ပဏီ)မှ ငွေကျပ်(၂၅) သိန်း၊ ဦးအိုက်ဝေ(ထိန်သာကုမ္ပဏီ)မှငွေကျပ်(၂၅)သိန်း၊ ဦး မောင်မောင်ထွန်း (သုခဂေဟာQCကုမ္ပဏီ)မှ ငွေကျပ်သိန်း (၂၀)၊ ဦးဌေးအောင်(ရွိုင်ရယ်ကျေးသီး) ကုမ္ပဏီမှ ငွေကျပ်သိန်း(၂၀)၊ တောင်ကြီးတက္ကသိုလ်မှငွေကျပ်(၁၀)သိန်း၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ငွေကျပ်(၁၀)သိန်း၊ စိုင်းဆိုင်လင်း+နန်းလင်းသန္တာ အောင်ငွေကျပ်(၁၀)သိန်း၊ စိုင်းရွက် ငွေကျပ်(၁၀)သိန်း၊ ဦးခွန်သိန်းမောင်+ဒေါ်နန်းမြရီ(ခ)ဒေါ်နန်းပွဲ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၅) သိန်း၊ မေသူဆွေ(ဝ.၅)သိန်းတို့ကို ပေးအပ်လှူဒါန်းပေးကြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်က လက်ခံရ ယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် ထည့်ဝင်လှူဒါန်းကြသည့် လှူဒါန်းငွေ စုစုပေါင်းငွေကျပ် (၁၇၂၅)သိန်းဖြစ်ပြီး Oxygen Cylinder ၄၀လီတာ အိုး(၁၀၀)လုံး၊ Flow Meter(၁၀၀)ခု နှင့်ငွေကျပ်(၁၈)သိန်း တန်ဖိုးရှိဆေးဝါးများ ဖြစ်ပါကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)