သတင်းများ

ကော့မှူးတွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
Oct 19,2025
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ ၌ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များ သို့ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပလောက်မြို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်
Oct 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို အ.ထ.က(ပလောက်)တွင် အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်) ပုံစံ(၇)ပေးအပ်
Oct 19,2025
မန္တလေးတိုင်းဒေသကြီး၊ ‌အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ အမှတ် (၂၂) စိုက်ကွင်းမှ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်)ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်
Oct 19,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများမရှိစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲနှင့်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Oct 19,2025
မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်း မှရရှိသောအသိပညာများပြန်လည်မျှဝေနိုင်စေရန်နှင့်လူငယ် များ၏စွမ်းရည် ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသောကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)ကိုအောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 19,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာ ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့် ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲ ပြုလုပ်
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး​၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ တိုးပွားအောင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့်ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။