သတင်းများ

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန်ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါဝင်နိုင်ရန်အတွက် ဆောင်ရွက်
Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန် ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါရှိနိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်
Oct 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
Oct 19,2025
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ နည်းပညာများဟာ တစ်နေ့တစ်ခြား တိုးတက်နေသလို ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခန်းကဏ္ဍသည်လည်း ပြောင်းလဲနေသည်ကို လူငယ်အားလုံး သတိပြုရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါ အကျိုးရှိစေမယ့် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိလာဖို့ လိုအပ်မှာဖြစ်ပြီး ဗလငါးတန် ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ နယ်ပယ်စုံ ကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များ ဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
မိုးကောင်းမြို့ အ.ထ.က(ခွဲ) ကျွန်းတောကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)ကျွန်းတောကျောင်း ကျွန်းရွှေဝါခန်းမ၌ အောက်တိုဘာ(၁၆)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်း၊ စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးအဖွဲ့များအားတွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်
Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ပန်းတောင်းမြို့နယ် အ.ထ.က ဆင်တဲကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ အ.ထ.က ဆင်တဲကျောင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်း တတိယစက်ဝန်းလည်ပတ်
Oct 19,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း (RBF)စီမံကိန်း တတိယစက်ဝန်း လည်ပတ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဒေါ်မြသက်ဝင်းထံက သိရသည်။