သတင်းများ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုးများ  ဖူးမြော်လေ့လာ
Oct 24,2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒေသတွင်းဈေးကွက်စီးပွားရေး၊ နိုင်ငံခြားစီးပွားဆက်သွယ်မှုနှင့်ခရီးသွားလုပ်ငန်းဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova ပါ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ပုထိုး၊ စေတီများ ဖူးမြော်ကြည်၍ လေ့လာရေးခရီးလာရောက်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း ‌‌စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 24,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်း  တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Oct 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့သို့ တက်ရောက်၊ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းတွင် ကူညီပေးသူများအား ဂုဏ်ပြု
Oct 24,2025
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတတိယနေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၇၀၀) ကျော် ဖြေဆို၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း
Oct 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
Oct 24,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့သည် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ (၂၃) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဟိုတယ်ဇုန်ရှိ Inle Garden Hotel သို့ရောက်ရှိပြီး အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ဟားခါးမြို့တွင် တောင်သူများအတွက် ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 24,2025
ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးအတွက် ရည်ရွယ်၍ ဟားခါးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအတွက် ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံး ချယ်ရီခန်းမဆောင်၌ ကျင်းပသည်။