သတင်းများ

အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ပြုလုပ်
Oct 25,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်း သာယာလှပသော ပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကို ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ကသာမြို့ ပတ္တမြားဈေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Women Club အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲကျင်းပ
Oct 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Women Club အဖွဲ့ဝင်များနှင့် ဆွေးနွေး‌ပွဲအား ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Oct 25,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ မန္တလေးမြို့ မြို့နယ်မီးသတ်ဦးမှူးများနှင့် သန္ဓေ(၁၅)ဦး၊ အရန်(၇၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဈေးတာ၀န်ခံနှင့် အဖွဲ့၀င်များ ပူးပေါင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြည်မြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ
Oct 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ စင်္ကြန်တောင်တောရကျောင်းဝင်းအတွင်းရှိ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်စကားဝိုင်း ကျင်းပရာ အဆိုပါကျောင်းမှကျောင်းအုပ်ကြီးနှင့်  ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများ ၁၅၀ ခန့်တက်ရောက်ကြသည်။
လှည်းကူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မေဃဝတီ)၌ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(မေဃဝတီ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Book Club အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Oct 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Oct 25,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။   
ဒလမြို့နယ် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးရှိ ဈေးဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Oct 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးရှိ ကုန်ပစ္စည်း အရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။