သတင်းများ

မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် သန်လျင်၌ ကျင်းပ
Aug 12,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေး ဖုံး၊ သွန်၊ လဲ ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မှော်ဘီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်အချိန်က အခြေခံပညာအထက်တန်ကျောင်း (သန္ဓေပင်) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ငယ်မုဒိမ်းပပျောက်စေရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ဆောင်ရွက်ပေး
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် အ.မ.က (မူလွန်) အိုးဘိုအရှေ့၌ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းကုသပေးခြင်း ဆောင်ရွက်
Aug 12,2025
တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် အဖွဲ့သည် အိုးဘိုအရှေ့ရပ်ကွက်ရှိ အ.မ.က (မူလွန်) အိုးဘိုအရှေ့တွင် ယမန်နေ့ နေလယ် ၁ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌  မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်
Aug 12,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သည်။
မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Aug 12,2025
‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်-၂ ရပ်ကွက် ၆၂လမ်း (၃၉x၄၀) လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။