သတင်းများ

ဝေါမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
May 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုအား မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာစီစာကုံး ပြိုင်ပွဲကျင်းပ
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန     Community Centreခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့လူထုအခြေပြုဗဟိုဌာတွင် "ဟောပြောပွဲအတွေ့အကြုံ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဒေါက်တာအောင်ထွန်းသက်ရေးသားသည့် "ဟောပြောပွဲအတွေ့အကြုံ” စာအုပ်ပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ဖောင်းပြင်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် ဖောင်းပြင်မြို့၌ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းများနှင့် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်များတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်အနီး ငဝန်မြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေး‌ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့သည်။