သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Dec 14,2021
 မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
ပုံပါကျင်မြို့ Community Centre ခန်းမ၌ ပန်းချီ‌ဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ တွံ​တေး၌ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ယမန်နေ့ နံနက် ၉နာရီအချိန်က ဘုရားကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအမျိုးသား အသက်(၂၁)နှစ်အောက် ဘောလုံး ပြိုင်ပွဲ ဆုချီးမြှင့်
Dec 14,2021
၂၀၂၁ ခုနှစ် ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအမျိုးသား အသက် (၂၁) နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အောင်သံလွင် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံး အားကစားဝါသနာ ရှင်ပရိတ်သတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် မိဇံတိုက်နယ် ဘောလုံးအသင်းနှင့် ဂျိုင်းတိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ မိဇံတိုက်နယ်ဘောလုံးအသင်းက အချိန်ပိုတွင် ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
မိုင်းတုံမြို့၊ အထကမိုင်းတုံရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ပိုး‌စစ်ဆေးပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အထကမိုင်းတုံရှိ ကျောင်းသား ကျောင်းသူများအား RDT Test Kit ဖြင့် ယ‌မန်နေ့နံနက် ၈နာရီမှ ညနေ ၃နာရီ ၃၀ မိနစ်အချိန်ထိ ကျောင်းသား/ ကျောင်းသူ(၂၉၈)ဦးစစ်ဆေးပေးခဲ့ရာ (positive) ကိုဗစ်ပိုး‌တွေ့ရှိ‌သူ ကျောင်းသူ (၁)ဦး‌ကျောင်းသား (၁)ဦး စုစုပေါင်း(၂)ဦး ဖြစ်ပြီးကျန် (၂၉၆ )ဦးမှာ Negative ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကျောက်ဆည်မြို့ နယ် ရွှေဒါးကျေးရွတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ရွှေဒါးကျေးရွာမှ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တုံတာမြို့တွင် Online မှ တစ်ဆင့် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။