သတင်းများ

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Dec 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ စာပေကို ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့မစျေးတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် စျေးရောင်းချသူများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ချောက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 14,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စွယ်ပေါက္ကံအုပ်စု၊ ထန်းခြောက်ပင် ကျေးရွာအသောက ဓမ္မဗိမာန်၌ ဒေသခံပြည်သူများသို့ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့က ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ကာမိုင်းမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာTalk Show အစီအစဉ်ကျင်းပ
Dec 14,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ Talk Show အစီအစဉ်ကို ဒီဇင်ဘာ (၁၄)ရက် နံနက်(၁၀)နာရီတွင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။
တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာမျာမှ ဒေသခံပြည်သူ များအား သတ်မှတ်စုရပ်တွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်းသိရသည်။
လင်းခေးမြို့နယ် ဝမ်စစ်ကျေးရွာတွင် "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးဆောင်ရွက်ပေး
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်၁၀နာရီက"ပန်းခင်း"စီမံချက်ဖြင့် လင်းခေးမြို့နယ်၊ဝမ်စစ်ကျေးရွာအုပ်စုရှိ၊ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး(Onestop Service)လုပ်ငန်းကို အဆိုပါကျေးရွာသို့ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေး
Dec 14,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက နတ်သံကွင်းဒေသ အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည်။