ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်များ အဆင်ပြေစေရေး သင်္ဘောခရီးစဉ်များ ခေါက်ရေတိုး ပြေးဆွဲပို့ဆောင်ပေးမည်
Dec 14,2021
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများနှင့် လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်များကို ဒီဇင်ဘာ ၁၅ နေ့က စတင်ပြီး ခရီးသွား မိဘပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် သင်္ဘောခေါက်ရေများ တိုး၍ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။