သတင်းများ

ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ ကို မြန်မာ-ပိုးကရင်နှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက်(၁၀)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား စတင်ထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီအချိန်မှစ၍ နောင်ချိုမြို့ မဏိရတနာ ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူး၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရန် ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်
Dec 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွား လာစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြ
Dec 14,2021
ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးခြင်းကို ယနေ့နံနက် ၉နာရီ က မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်သစ်ထုတ်လုပ်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများအား လက်တွေ့သရုပ်ပြပေးသည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Dec 14,2021
ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက လက်တက်ကျေးရွာအုပ်စု၊ လက်တက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဒိုက်ဦးမြို့နယ် မြစိမ်းရောင်စီမံကိန်းမှ ချေးငွေများထုတ်ချေးပေး 
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်း ရောင်‌စီမံကိန်းမှ ဒသမအကြိမ်မြောက် ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဘုရားကြီးကွင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
မိုင်းလုံမြို့တွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မိုင်းလုံမြို့၊ ဈေးရပ်ကွက်အတွင်းရှိ ဒေါ်နန်းလီအိမ်သို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။