သတင်းများ

တာလေမြို့၌ ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ အထက(တာလေ) ကျောင်းအုပ်ဆရာကြီးနှင့် တွေ့ဆုံမေး​မြန်းချက်
Dec 16,2021
မေး - တာလေမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သိချင်ပါတယ်ခင်ဗျ။ ဖြေ - ဆရာကြီးတို့ တာလေမြို့ပညာရေးကဏ္ဍအနေနဲ့၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ (၁)ရက်မှာ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ဇူလိုင်လ (၇) ရက်နေ့မှာ ကျောင်းများအားလုံး ယာယီခေတ္တ ပြန်လည်ပိတ်ထားခဲ့ရပါတယ်၊ ကျောင်းများပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ရောဂါကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ ၊ အထက်ဌာနက ညွှန်ကြားချက်များနဲ့အညီ ကျောင်းသား/သူများ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီပြီး အပူချိန်တိုင်းတာတွေ၊ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်စေပြီး ကျောင်းအတွင်း ဝင်ရောက်စေတာတွေ၊ကျောင်းအဝင်နှင့် စာသင်ခန်းအပြင်မှာ လက်ဆေးဘေစင် ထားရှိပေး တာတွေ ဆောင်ရွက်ထားရှိပါတယ်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ကဝ-ပဲခူး လမ်းမကြီး အ.ထ.က.ကဝ ကျောင်းလမ်းဆုံ၌ ယနေ့နံနက် (၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ပိုစတာ ပြိုင်ပွဲများကျင်ပ
Dec 16,2021
ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​ကျောင်းသား၊ ​ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၆ ရက်​နေ့၊ နံက်(၉)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်(၄)အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ချောက်၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းပုဂံကျောင်းတို့ ပူးပေါင်း၍ ယနေ့တွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၇၄နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒေါပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်၉နာရီက ဒေါပုံစျေးအနီးနှင့် မဟာဗန္ဓုလတံတားအဆင်း တို့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၃၁၂၅ ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 16,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူ ၃၁၂၅ ဦးအား ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
လှည်းကူးမြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင် ပြသ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊​​​ ​​မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာ ပေးနံရံကပ်စာစောင်များပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ ယနေ့နံနက်ပိုင်းက ပြည်သူများလာရောက်ကြည့်ရှု ကြကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၁၀၇၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များ ထပ်မံထိုးနှံပေး
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ Sinovac FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က သက်ဆိုင်ရာစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။