သတင်းများ

ကျုံပျော်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 16,2021
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့က ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌‌ပျော်မြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
တောင်ပြိုလက်ဝဲမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online Page မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 16,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုခြင်း မပြုနိုင်သူများနှင့် ကလေးသူငယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ရုံးပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များမိတ်ဆက်ပေးခဲ့သည်။
မြစ်သားမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အများပြည်သူ အသိပညာပေး မြေစိုက်နံရံဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ်ရုံးရှိ ဝန်ထမ်းများကဆောင်ရွက်ခဲ့သည်။
ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် လျှပ်စစ်မီးအဆင့်မြှင့် ထွန်းညှိပူဇော်ခြင်းလုပ်ငန်းနှင့် ရွှေတိဂုံစေတီတော် ကုသိုလ်ဖြစ် ဆေးခန်းအတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲကျင်းပ
Dec 16,2021
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် လျှပ်စစ်မီးအဆင်မြှင့် ထွန်းညှိပူဇော်ခြင်းလုပ်ငန်းနှင့် ရွှေတိဂုံစေတီတော် ကုသိုလ်ဖြစ် ဆေးခန်း အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ရင်ပြင်တော်တောင်ဘက်ရှိ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်း၌ ယနေ့နံနက် ၁၁ နာရီကကျင်းပသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Dec 16,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက် အမှာစကားပြောကြားသည်။
ကျိုက်လတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်(၁၀)နာရီက ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုမရှိစေရေးနှင့် လျော့ကျ စေရေးတို့ကို ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာ စောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်
Dec 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင် ပြသ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များအား ပြသထားရာ ယနေ့နံနက်ပိုင်းက ပြည်သူများလာရောက် ကြည့်ရှု ကြကြောင်း သိရသည်။