သတင်းများ

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေး ပန်းခြံအဆင့်မြင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်
Dec 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပ စိမ်းလန်းစေရန် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ရွှေဝါနဒီပန်းခြံအဆင့်မြင့်တင်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းကျဆင်းလာ
Dec 18,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (ဒဿမ ၀၂)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
မြဝတီမြို့တွင်  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Dec 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှု လုပ်ငန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   
မြဝတီမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School မှ ကျောင်းသား အားကစားပွဲတော် ကျင်းပပြုလုပ်
Dec 18,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School ရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းသား အားကစားပွဲကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြု လုပ်သည်။
လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား ပြသဆောင်ရွက်ထား
Dec 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အသိပညာဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံအား ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံက်၁၀.၀၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇသစ်ရောဂါပိုး အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှင့် နှာခေါင်းစည်း ခုရေ(၁၀၀၀) အခမဲ့ဖြန့်ဝေ
Dec 18,2021
မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင်    ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုနှုန်း  ကျဆင်းလာသည်မှာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကြိုးပမ်းဆောင်ရွက်မှုနှင့် အတူ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုတို့ကြောင့်ဖြစ်ပြီး ယခုအခါ အခြားနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ မျိုးဗီဇသစ်ရောဂါပိုး အိုမီခရွန်ကြောင့် ပြည်သူများ  စိုးရိမ် ထိတ်လန့်မှု မဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍  ဒီဇင်ဘာ  ၁၇ မွန်းလွဲပိုင်းက ကမ်းနားလမ်းညဈေးတန်း တလျှောက် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်း စည်း ဖြန့်ဝေပေးခြင်း လူထုလှုပ်ရှားမှု ဆောင်ရွက်ကြောင်း သိရသည်။