သတင်းများ

မင်းလှမြို့တွင် မီးဘေးသင့်အိမ် ထောင်စုဝင်များအား ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်း ကျေးရွာတွင် မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက်ထောက်ပံ့ပေးအပ်ခဲ့‌ ကြောင်းသိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများ ပြုလုပ်
Dec 18,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်အမှတ် (အကြို) မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲ၊ နံရံကပ် စာစောင် ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓာတ်ပုံများအား ကျောက်တန်းမြို့ တွင်ပြသ
Dec 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(commnity  Centre)ခန်းမ၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ
Dec 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန(community  centre) ခန်းမ၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့မစျေးတွင် Hand Speaker ဖြင့်နှိုးဆော်ခဲ့သည်။
မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မက်မန်းမြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ် တွင်ပြသ
Dec 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသ လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက် ထားခဲ့သည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Dec 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို Online မှတစ်ဆင့် ပြည်သူများထံ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီ ခွဲက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။