သတင်းများ

မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး လိုက်လံနှိုးဆော်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ထန်းဘူးတော၊ ကျောင်းကုန်း ကျေးရွာ များသို့ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြသခြင်းများဆောင်ရွက်
Dec 20,2021
‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူ (၈၄) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 20,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉) နာရီ အချိန်ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Dec 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်၌လည်းကောင်း၊ နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာ၌လည်းကောင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
လမိုင်းမြို့၌ ကွမ်းသီးများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း လျက်ရှိ
Dec 20,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ကွမ်းသီးများစိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်း၍ ဒေသခံပြည်သူ အများအပြား၏ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် ကွမ်းသီးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်လျက်ရှိ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင် ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၉)နာရီအချိန်၌ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်
Dec 20,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ကျူတောဝကျေးရွာ၊ ကွင်းအမှတ်(၁၉၁)၊ ဦးပိုင်အမှတ်(၇၂/၁)၊ တောင်သူ ဦးသိန်းတန် စိုက်ပျိုးထားသည့် မနောသုခ မိုးစပါး(၀.၆၄)ဧကအား စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကွင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။