သတင်းများ

မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော် ခြင်းကို ယမန်‌နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
တနိုင်းမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး
Dec 28,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ချောက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပဥ္စမအသုတ်၊ ပထမအကြိမ်၌ ကာကွယ်ဆေး လူဦးရေ (၂၀၀၀)ဦး ထိုးနှံပေးလျက်ရှိ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဥ္စမအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်နေရှိသော ၁၈ နှစ်အထက် ဆေးမထိုးရသေးသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယ‌နေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ ချောက်မြို့နယ် ပြည်သူ ဝန်ဆောင်၀မှု (OneStopShop)ရုံး၊ မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၊ ချောက်ရေနံ လုပ်သားများ အပန်းဖြေရိပ်သာ(၂)၊ သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေးဌာခွဲတို့ရှိ ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
LEADER MIX ကိရိယာအသုံးပြု၍ မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲပြုလုပ်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မီးသတ်ဦးစီးဌာနမှ LEADER MIX ကိရိယာအသုံးပြု၍ မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီက မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ သဲပုံဆိပ်၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ အားကစားဆိုင်ရာ အသိပညာပေးနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 28,2021
စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းသို့ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် Physical Fitness Dance သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးရေးရာ ဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်တွင် အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ ရွေးချယ်ပွဲ ကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာ အားကောင်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြ ကျေးရွာ ရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပသည်။
ချင်းရွှေဟော်မြို့နယ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၉.၉) ကျပ်သန်းဖြင့် အရှည်(၄၀၀)ပေ ရှိသည့် ကွန်ကရစ်ရေမြောင်း ဖောက်လုပ်ဆောင်ရွက်ခြင်း လုပ်ငန်းအား စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့နယ်ခွဲ တာဝန်ခံ ဦးဟိန်းမြတ်ဇော် ဦးဆောင်ပြီး နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကာ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ပြီးစီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။