သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအာ: ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး(၉၀၄၆၈)ဦး ထိုးနှံပေးပြီးဖြစ်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ  (၉၀၄၆၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ကျေးရွာများ အရောက် Mobile စနစ်ဖြင့်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃)နေရာနှင့် ကျေးရွာများအရောက် Mobile စနစ်ဖြင့် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 28,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေနံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ထူးကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထူးကြီးမြို့အခြေခံပညာ အထက်တန်း ကျောင်းရှိ ထူးကြီး အ.ထ.က ခန်းမ၌ ကျင်းပခဲ့သည်။
ဖြူးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ် ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်  ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ထူးကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်းပွဲကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ထူးကြီး အ.ထ.က ခန်းမ၌ ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်နှင့်ဒုတိယအကြိမ်များအားဆက်လက်ထိုးနှံ
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်အသက် (၁၈) ပြည့်ပြီးသူများအား ပဉ္စမအသုတ် အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အား ပထမအကြိမ် ထိုးပေးခြင်းနှင့်ပထမ အကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီထိ မိုးကုတ်မြို့မိုးလုံလေလုံအားကစားခန်းမနှင့်ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်
Dec 28,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ရာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။