သတင်းများ

မြစ်သားမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ယနေ့နံနက် (၁၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေး လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် တွင်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာ စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူချွန်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက (တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအား ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်း
Jan 03,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၅ရက်နေ့ က မြို့မကျောင်းကြီး၌ သံဃာတော် ၆ပါး၊ ရှင်သာမဏေ ၃ပါးနှင့် သီလရှင် ၇ပါး အားဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ယနေ့ညနေ ၂နာရီတွင် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ရှိ သံဃာတော် ၃ပါး၊ ရှင်သာမဏေ ၄ပါးနှင့် သီလရှင် ၂ပါးတို့အား ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ ကျင်းပ
Jan 03,2022
ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၁၀)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်အခြေခံ ပညာအထက်တန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်း တွင်း စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်များ ကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းတွင်း စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်များကို မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့၌ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။