ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေး လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့် သိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရသည်။
မိုးမိုး