ပန်း​တောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပန်းတောင်း ဇန်နဝါရီ ၃

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် တွင်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကို ကာကွယ် ရမယ်၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက (နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ် ချက်များ)၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်း လွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သ၍ မြန်မာ့လွတ်လပ်ရေးတည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း လွတ်လပ်ရေးနေ့ အသိပညာပေးကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

သင်းသင်းအေး