သတင်းများ

မိုင်းပျဉ်းမြို့နယ်ရှိ ဒေသအကျိုးပြု ရေသွယ်မြောင်းရေတိုက်စားမှု ပြင်ဆင်ဆောင်ရွက်
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဒေသအကျိုးပြု ရေသွယ်မြောင်းရေတိုက်စားမှု ပြင်‌ဆင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့ မွန်းလွဲပိုင်းက နမ့်အန်ချောင်းနေရာ၌ ဆောင်ရွက်သည်။
မြောက်ဥက္ကလာပမြို့နယ်၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထဲရေး၀န်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေးနှင့် အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် (င)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ကျင်းပ
May 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်တတ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ကြသည်။
ချောက်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား ရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်း ဆောင်ရွက်
May 24,2026
မကွေးတိုင်းဒေသကြီး၊ ‌‌ချောက်ခရိုင်၊‌ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်ကျေးရွာတွင် ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျွဲ၊ နွားပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ် (၃) ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့၌ ယမန်နေ့ကတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများအား အားကစားဝတ်စုံများပေးအပ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်းတွင် အားကစားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦစီးအရာရှိနှင့် သောက်ရေသန့်လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့သည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကျင်းပ
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် C.T.M.E အခမ်းအနားကို မေ ၂၃ ရက်က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပသည်။