သတင်းများ

မိုင်းခတ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး မိုးစပါးရွှေရင်အေးမျိုးစေ့နှင့် မြေပဲမျိုးစေ့များပေးအပ်
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌ရေးနှင့် ဆီထွက်သီးနှံတိုးတက်စိုက်ပျိုး‌ရေးအတွက် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မိုင်းခတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ပါဆံကျဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ကျောက်မဲမြို့၌ စက်သုံးဆီဆိုင်ဝန်ထမ်းများအား မီးဘေးအန္တရာယ်အသိပညာပေးဟောပြော
May 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ Regency စက်သုံးဆီဆိုင်၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းတို့ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး၊ ရေချွေတာရေးနှင့် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်းမပြုရန် အသိပညာပေးဟောပြောခြင်းကို မေ ၂၃ ရက် ၁၀ နာရီအချိန်က အင်းရင်းကျေးရွာအုပ်စု၊ အင်ရင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ
May 24,2026
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ ဗလငါးတန် ပြည်စုံစေရန်နှင့် အနာဂတ်ကာလတွင် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
တမူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 24,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၌ အသက်(၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 24,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေလ (၂၃) ရက်နေ့ မွန်းလွဲပိုင်းက နဝရတ် အားကစားခန်းမတွင် ကျင်းပသည်။
မိုင်းဆတ်မြို့၌ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်
May 24,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်ဟုန်(ဝ)ကျေးရွာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ တောင်သူများအား မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်   
May 24,2026
နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲနှင့် အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊  အေးမြင့်သာယာကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။