သတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍  တစ်နှစ်တာအတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပ
Dec 05,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မိုးစပါးစံပြစိုက်ကွက်အတွင်း ပြည်နယ် အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာ အတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့်  ရိုးရာကောက်သစ်စားပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ဒီဇင်ဘာလူထုအားကစား ကျန်းမာရေးအထောက်အကူပြု(Myanmar Fitness Dance)စုပေါင်းကိုယ်လက်လှုပ်ရှားမှု မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
Dec 05,2021
မွန်ပြည်နယ်တွင်ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ်(Myanmar Fitness Dance) စုပေါင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီကမော်လမြိုင်မြို့၊  စစ်ကဲ ကုန်းရပ်၊ ကမ်းနားလမ်း   ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ်ဝန်ကြီးများ၊    ဌာနဆိုင်ရာများအားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)သင်တန်းနည်းပြများနှင့် သင်တန်းသူများ၊အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ကျိုက်ထိုမြို့နယ်၌ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးရေး Physical  Fitness Dance သရုပ်ပြပွဲ
Dec 05,2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက Physical  Fitness Danceသရုပ်ပြပွဲကိုOnlineမှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။အဆိုပါPhysical  Fitness Danceဖြင့်သရုပ်ပြပေးခြင်းသည်လူကြီး ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်မျိုးဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် လူတိုင်းလိုက်ပါ လှုပ်ရှားကစားနိုင်သည့် ကစားနည်းဖြစ်၍ အကျိုးကျေးဇူးရရှိစေရန်Online မှတဆင့်  ပြသပေးခြင်းဖြစ်သည်။
တာမိုးညဲမြို့တွင်အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) (ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေးလျက်ရှိ 
Dec 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊တာမိုးညဲမြို့တွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က တာမိုးညဲမြို့ အထကကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာတွင် နွေစပါးတစ်ဧကတင်း(၁၂၀)ထွက်ရှိရေး ပညာပေး ဆွေး နွေး
Dec 05,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မီးသွေးတိုက်ကျေးရွာအုပ်စု အပြင်စံရပ် စိတ္တသုခ ဓမ္မာရုံ၌ နွေစပါး တစ်ဧကတင်း(၁၂၀)ထွက်ရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ကျင်းပကြောင်း သိရသည် ။
ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြအခမ်းအနားကျင်းပ
Dec 05,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူးဦးသန်းဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ( ၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အကျဥ်းဦးစီးဌာန အကျဥ်းထောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် တွင်စာရေးဆရာအသင်းစာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Dec 05,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင် မြို့စာရေးဆရာအသင်းရုံးအလင်္ကာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်ရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်
Dec 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှည်းဆိပ် ကျေးရွာရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့  ဒီဇင်ဘာလ ၅ ရက် နေ့၊ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။