ပန်းတောင်းမြို့နယ် တွင်စာရေးဆရာအသင်းစာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပန်းတောင်း ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင် မြို့စာရေးဆရာအသင်းရုံးအလင်္ကာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှကျော်က နှစ်စဥ်ကျင်းပမြဲဖြစ်သော စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းအကြောင်းများ ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းများတွင်ရေးသားခဲ့ကြသော ကလောင်သစ်ကဗျာဆရာ(၅)ဦးတို့အားမြို့နယ်အသင်း၏ဂုဏ်ပြုမှတ်တမ်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးအောင်သူရ၊ဗိုလ်မှူးဇော်မင်းထွန်း၊မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးလှကျော်အသင်းဝင် ဦးမြင့်ဌေးတို့က အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စာရေးဆရာအသင်းမှ ထုတ်ဝေသောစာဆိုတော်နေ့အထိမ်းအမှတ်ကဗျာ၊စာအုပ်ရေးသားသောကဗျာများကိုကဗျာဆရာများကရွတ်ဆိုကြပြီးစာအုပ်များကိုအခမဲ့ဖြန့်ဝေပေးကာအခမ်းအနားအားကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သောကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်နှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။

သင်းသင်းအေး