သတင်းများ

မော်လမြိုင်၌ မီးဘေးအန္တရာယ် လုံခြုံမှုရှိရေးအသိပညာပေး နှိုးဆော်
Dec 04,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ပြည်သူများမီးသုံးစွဲရာတွင် ကြိုတင်ကာကွယ် သတိပြု လိုက်နာကြစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)စျေးတို့တွင် မီးဘေးအန္တရာယ် လုံခြုံရေးအသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် စံပြကွက်(၃၀)ဧက စံကွက်ရိတ်သိမ်း
Dec 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာမှ တောင်သူ ဦးစိုးဝင်း ကွင်းအမှတ်(၄၁၄)၊ ဦးပိုင်အမှတ်(၃၆)တွင် စိုက်ပျိုးထားသော ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စံပြကွက်(၃၀)ဧကအား ယနေ့နံနက် ၁၀ နာရီက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့၌ စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြော
Dec 04,2021
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေး
Dec 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခု (၆) လ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျွဲပေါင်ပင်ကျေးရွာ ဘုန်း‌တော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 04,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
မောက်မယ်မြို့နယ် စည်ပင်သာယာစျေးအတွင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ
Dec 04,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်−၁၉ ကူးစက်ရောဂါပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ စျေးရောင်းချသူများအား စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင် သာယာမြို့မစျေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
ခင်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်
Dec 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ‌ပေး Talk Show အစီ အစဉ်ကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် ပန်းခြံအရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 04,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတား များကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက် ပန်းခြံရှေ့ ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။