သတင်းများ

အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လူဦးရေ (၃၀၀၀၀) အား ပထမအကြိမ်အဖြစ် (၁၀) ရက်အတွင်း အပြီးထိုးနှံပေးသွားမည်
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုများ တိုက်နယ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို လူဦးရေ (၃၀၀၀၀) အား ပထမအကြိမ် စတင် ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အာဆီယံ-ဟောင်ကောင်၊ China Free Tread Agreement ECOTECH work Program အရဆောင်ရွက်မည့် Innovative Products Practices for Food Processing in Myanmar စီမံချက်ပါ စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်းအနား တက်ရောက်
Dec 04,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် ဒီဇင်ဘာလ ၃ ရက်နံနက်ပိုင်းက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ အသိပညာရှင်အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာဆီယံ- ဟောင်ကောင်၊ China Free Tread Agreement ECOTECH work Program အရဆောင်ရွက်မည့် Innovative Products Practices for Food Processing in Myanmar စီမံချက်တွင်ပါဝင်မည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်း အနား သို့တက်ရောက်ခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပေး ကြေညာလျက်ရှိ
Dec 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ မရှိသလောက် နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လမ်းညွှန် ချက်များ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာ‌ ရောက်ထိုးနှံရေး အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၆၈၀၀)ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Dec 04,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား တတိယအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Dec 04,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဘေးကင်းလုံခြုံ စိတ်ချမှုရှိသော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ကျောင်းသား၊ ကျောင်းသူများ အသိအမြင်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေး
Dec 04,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦး ရေစာရင်းများရရှိရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်၌ (လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်း(၇)ဦးတို့က ဆင်ခြေဖုန်းကျေးရွာ အုပ်စုအတွင်း မှီတင်းနေထိုင်ကြသောမိဘပြည်သူများအား လယ်တောင်ယာရွာ ဇေယျာသုခ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ (အခမဲ့)ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးကြောင်း သိရှိရသည်။
သီပေါမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိ
Dec 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြားအောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယနေ့နံနက်ပိုင်းအထိ အောက်ဆီဂျင်(၄၀) လီတာဆံ့အိုး (၃၈၀၆)လုံး ထုတ်လုပ်ပေး နိုင်ခဲ့ကြောင်း သိရသည်။