သင်္ဃန်းကျွန်းမြို့နယ်၌ ဆန်နှင့် ကြက်ဥများအား စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချ
Dec 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ဆန်နှင့် ကြက်ဥများကို ဈေးကားဖြင့် ယနေ့၊ နံနက်ပိုင်းက င/ကရပ်ကွက်နှင့် ငမိုးရိပ်ရပ်ကွက်တို့တွင် စျေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးခဲ့သည်။