မုဒုံ ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့က မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေနွေးပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း မုဒုံမြို့နယ် အသင်းခွဲဥက္ကဋ္ဌ ဦးဝင်းချိုက မိမိတို့မြို့နယ်အတွင်း၌ မသန်စွမ်းသူများအသင်းကို ၂၀၁၀ ခုနှစ် ၁၁ လပိုင်းက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ မြို့နယ်အတွင်း မသန်စွမ်းသူများ၏ အမျိုးအစား(၄)မျိုးဖြစ်သည့် ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံချို့ယွင်းသူများ၊ အကြားအာရုံချို့ယွင်းသူများနှင့် ဉာဏ်ရည်မမီသူများ စုစုပေါင်း (၄၀၀)ကျော် ရှိကြောင်းနှင့် ၎င်းတို့၏ ရပ်တည်မှုအခြေအနေများတို့ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မသန်စွမ်းသူများနှင့် ဆက်ဆံရမည့် အပြုအမူများ၊ မိမိတို့ အသင်းအဖွဲ့၏ လက်ရှိ ဆောင်ရွက်ချက်များတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အွန်လိုင်း မှတဆင့် ရှင်လင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)