သတင်းများ

ဒေးဒရဲမြို့နယ် သံဒိဇီး​ဖြူကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ်၌ သစ်သီးဝလံ အခြေခံစားသောက်ကုန် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ
Nov 29,2021
စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံအခြေခံစားသောက်ကုန် ပြုလုပ်နည်း သင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ဆောင်းရာသီ ဘတ်စကက်ဘော အားကစား အခြေခံသင်တန်းဆင်းပွဲကျင်းပ
Nov 29,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မားဂွီး ပုလဲဘတ်စကက်ဘောကလပ်တို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော ဆောင်းရာသီ ဘတ်စကက်ဘောအားကစား အခြေခံသင်တန်းကို ယမန်နေ့ ညနေပိုင်းက ခရိုင်အားကစားခန်းမတွင် သင်တန်းဆင်းခဲ့သည်။
သုံးခွမြို့နယ်သမဝါယမအသင်းစု၌ စားအုန်းဆီများအား ဈေးနှုန်းချိုသာသွာဖြင့် ရောင်းချပေး
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယနေ့ နံနက် ၈နာရီခွဲ အချိန်က စားအုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
မင်းလှမြို့နယ်တွင် မင်းလှ-ရွာတော် ကျေးလက်လမ်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း‌ ကျောက်စီ မြေထိန်းတမံ တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Nov 29,2021
မကွေးတိုင်းဒေသကြီး၊‌ ဒေသ-၄ ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် မင်းလှ-ရွာတော် ကျေးလက်လမ်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် သံပုယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါးအပြင် ကိုင်း၊ ကျွန်းမြေများနှင့် ယာမြေအချို့တွင် နေ့စဉ်ဝင်ငွေရရှိမည့် ကာလတို ဟင်းသီးဟင်းရွက် အပင်များနှင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး ဥယျာဉ်ကျေးရွာမှ သံပုယိုစိုက်ပျိုးသူများ အသီး သီးနှုန်းကောင်းပြီး သံပုယိုသီးဈေး အရာင်းအဝယ်သွက်လာသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူတစ်ဦး ထံမှ သိရှိရသည်။
“၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သက်တော် (၁၀၁) နှစ်ရှိမင်းလှမြို့ မဟာစည်သာသနာ့ရိပ်သာဆရာ တော်ဘုရားကြီး၏ အန္တိမဈာပန ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Nov 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မဟာစည်သာ သနာ့ရိပ်သာ ကျောင်းတိုက်၏ ဦးစီပဓာန နာယကသက်တော် (၁၀၁) နှစ်ရှိ သက်တော်ရှည် မဟာစည် သာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီးသည် ဘဝနတ်ထံ ပျံလွန်တော်မှုသွားသဖြင့် အန္တိမဈာပန အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အဆိုပါ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။