သတင်းများ

ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များ၌ Mask Campaign ပြုလုပ်
Nov 29,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များ၊ မြို့တွင်း၌ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ်ထိုးနှံ
Nov 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ   အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၈ နာရီက   မြို့မ ရပ်ကွက်ရှိ ကားကြီးကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ကြသည်။
ဗိုလ်တထောင်မြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ
Nov 29,2021
နိုင်ငံသာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသားနေ့ ဖြစ်ပေါ် လာပုံကိုပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံးတွင် (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို/ရှည်ညှပ်နည်း) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် ၄၉၂၊ တောင်သူ ဒေါ်ရွှေဝ၏ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေးစံပြကွက်၊ ဧရာမင်းမျိုးစပါး နှစ်ဧကတွင် ယနေ့ နံနက် ၇နာရီက စံကွက်ရိတ်သိမ်းကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ထရန်စဖော်မာများ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ တိုးချဲ့တည်ဆောက်ခြင်း၊ ကွန်ကရစ်မီးတိုင်များ၊ သံလက်တန်းများ၊ ဓာတ်ကြိုးများ အစားထိုးလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
သမဝါယမဦးစီးဌာနမှ မြို့နေပြည်သူများအား အသက်သာဆုံးဈေးနှုန်းဖြင့် ရောင်းချပေးမည့် ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့သို့ ရောက်ရှိ
Nov 29,2021
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ဆဲ ကာလအတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက်   မြို့နေ ပြည်သူများ  အသက်သာဆုံးဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြို့နယ်သမဝါယမဦးစီး ဌာနမှ ဖြန့်ဖြူးရောင်းချမည့် အခြေခံ စားကုန်ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့၊ တော်ဝင်ဆိပ်ကမ်းသို့ ယနေ့ နံနက်က ရောက်ရှိလာကြောင်း သိရသည်။
ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပ
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဖိုးချို၏ လယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။