သတင်းများ

တာမိုးညဲမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 26,2021
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်ခရိုင် ၊ တာမိုးညဲမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် အစဉ်အောက်မေ့စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက မြို့မစျေးနှင့်မြို့ပေါ်ရပ်ကွက်များ တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
လက်ပံတန်းတွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Nov 26,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ရှိ မြို့ပေါ် အခြေခံပညာ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်မှ) ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား လက်ပံတန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာ လာသူများ၏ ရင်တွင်းစကားသံများ
Nov 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ကျဆင်း ပ‌ပျောက်စေရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်
လဲချားမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ``သတင်းစကား ´´ လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ``သတင်းစကား´´လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မစျေး၊ပျံကျစျေးနှင့် အစိုးရရုံး ဌာနတို့တွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေး အသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Nov 26,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာ‌ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန၌ "ပန်းအလှပြင် သင်တန်း " ဖွင့်လှစ်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း တို့ပူးပေါင်းကာ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက "ပန်းအလှပြင်သင်တန်း" ဖွင့်လှစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၄၀)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့ ကျိုက္ကဆံဘုရားဝင်း အတွင်းရှိ ဓမ္မဗိမာန်တော်တွင် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ ကျား ၂၀၀ ၊ မ ၃၈၁ ဦး စုစုပေါင်း ၅၈၁ ဦးရှိ ကြောင်းသိရသည်။