သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)တွင် ၈၃.၁၈ရာခိုင်နှုန်းထိုးနှံပေးပြီးဖြစ်
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်ထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၈၈၁)ဦးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
(၁၀၁)နှစ်​​​မြောက် အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်​ကမ်းစာ​စောင်များ ဖြန့်​​​ဝေ
Nov 26,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ထုတ်​ဝေသည့် (၁၀၁)နှစ်​မြောက်အမျိုးသား​အောင်ပွဲ​နေ့ သတင်းစကား လက်ကမ်းစာ​စောင်များကို ယ​​နေ့နံနက် (၁၀း၀၀) နာရီအချိန်က​ ရပ်ကွက်​နေပြည်သူများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများသို့ သွား​ရောက် ဖြန့်​​ဝေ ခဲ့သည်။
တောင်ငူ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက် ပြတ်တောက်နိုင်ရေး တစ်ဦးတစ်ယောက်ချင်းစီတိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Nov 26,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသ မန်ကန် နိုဝင်ဘာ ၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓ
Nov 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသမှုကို ယနေ့နံနက်၇နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် ဘုတ်တွင် ပြသခဲ့သည်။
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်
Nov 26,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံက် (၉:၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေ ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 26,2021
အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့ကို အလေးမြတ်တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာ စောင်ကို ယနေ့၊ နံနက်ပိုင်းက အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ ဟောပြောပွဲကျင်းပ
Nov 26,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်ပြပွဲ ၊ ဆေးရောင်ချယ်ပြိုင်ပွဲ ၊ ဟောပြောပွဲ တို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က Community Centre ခန်းမ၍ ပြုလုပ်ကျင်းပသည်။