သတင်းများ

သဲကုန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 22,2022
လက်ပံတန်းမြို့နယ်၏ ၂၀၂၂ခုနှစ် ဇွန်လအတွင်း ကျေးရွာ ၁၀ ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က သဲဖြူကျေးရွာအုပ်စု ဇလုပ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့ တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်သေဆုံး
Jun 22,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဝေလငါးတစ်ကောင် သောင်တင် သေဆုံးနေကြောင်း တွေ့ရှိရသည်။
စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jun 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ပါ သည်။
ရေဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေ
Jun 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၂)နာရ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး အလယ်တန်းအဆင့်ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီက ကျောင်းသား /ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် အလယ်တန်းအဆင့် ပုံပြောပြို်ငပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နှင်းရေးနည်းပညာပေး ရက်တိုသင်တန်းကျင်းပ
Jun 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နှင်းရေးနည်းပညာပေးရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင် းသိရသည်။
ဓနုဖြူမြို့နယ်၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ တောင်သူ ဦးနေအုတ်၏ စိုက်ပျိုးဧက (၁.၃၄)ဧကတွင် တိရစ္ဆာန်အစာ နေဗီယာမြက် သရုပ်ပြ စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။