တောင်ပိုင်းခရိုင်တွင် ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား
Jun 22,2022
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်သူများအား နေ့စဉ်ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ သန်လျင်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတွင် ဇွန် ၂၀ ရက်နေ့မှစ၍ ၂၄ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁)အား နေ့စဉ် ညနေ ၄ နာရီမှစ၍ သင်ကြားပေးလျက်ရှိသည်။