သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်
Aug 07,2022
မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ  အရည် အသွေးမြှင့်တင်ပေးရန် ပြည်နယ် အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည် များကို  ကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသား/အမျိုးသမီး အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ  ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဝေါမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀:၀၀) က လက်ပံသုံးပင်ကျေးရွာ သာသနာ့ပါလဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန် က ပညာနေခြည်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် မဟာမုနိဓမ္မာရုံ၌ “မူးမြစ်ဝန်းမှ ပန်းတစ်ငုံ” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
Aug 07,2022
စာပေ၊ ပန်းချီ၊ ဂီတပညာရှင် ဒေါက်တာမင်းလဲ့ရီ (M.B.B.S)၏ “မူးမြစ်ဝန်းမှ ပန်းတစ်ငုံ‌” ဘဝဇာတ်လမ်း မှတ်တမ်းစုံစုံ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂;၃၀) အချိန် က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော် ဝန်းအတွင်းရှိ မဟာမုနိဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား မြို့တော်ဝန်မှ ကြည့်ရှုစစ်ဆေး
Aug 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော ကူးစက်ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း၊ အ.မ.က(၁၁)၊ အ.လ.က(၄)ခွဲ ကျောင်းတွင်း/ပြင်ရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း၊ သစ်ပင်ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇;၀၀ နာရီက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် စိန်ရတီစာကြည့်တိုက်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ် လှုဒါန်းခြင်း အခမ်းအနား ကျင်းပ
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းပညာသာမက စာအုပ်စာပေဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွင်း စိန်ရတီစာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ကပ်လှုဒါန်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ကျင်းပခဲ့သည်။
နာဂဒေသလဟယ်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ကျင်းပ
Aug 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ပြုလုပ်ခဲ့သည်။   
ရန်ကုန်အရှေ့ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကျင်းပ
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၂ဝ၂၂ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေး ဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပသည်။