သတင်းများ

ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ညောင်ပင်ဝိုင်းရေလွှဲဆည် ရေသောက်ဧရိယာအတွင်းပါဝင်သည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Aug 04,2022
ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာတွင် နေပြည်တော် ကောင်စီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ညောင်ပင်ဝိုင်းရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းခြင်းနှင့် ရေသောက်ဧရိယာအတွင်းပါဝင်သည့် ဒေသခံတောင်သူများနှင့်
ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ)သီးနှံ စိုက်ပျိုးတောင်သူများ မိုးရွာသွန်းပြီး စိုက်ပျိုးရန်လုံလောက်သည့် အစိုဓာတ်ရရှိ၍ မိုးသီးနှံများ စတင်စိုက်ပျိုး
Aug 04,2022
မကွေးတိုင်းဒေသကြီး  ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ) သီးနှံစိုက်ပျိုးသူများသည် ဩဂုတ်လ ၂ရက်နေ့တွင် မိုးများရွာသွန်းပြီး စိုက်ခင်းများအတွက် စိုက်ပျိုးရန် လုံလောက်သည့် စိုက်ပျိုးမြေ အစိုဓာတ်ရရှိသည့်အတွက် မိုးသီးနှံများ စတင်စိုက်ပျိုးနေကြောင်း သိရသည်။
လက်ပံတန်းမြို၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆောင်ရွက်
Aug 04,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေ ချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ကုန်ထုတ်လမ်း၊ တံတားများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးဆိုင်ရာ ကဏ္ဍ အသီးသီးကို အကျိုးပြုစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းကုန်းကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၄၁)ဦးထိုးနှံ
Aug 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့် အထက်ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးကို ယနေ့ နံနက် (၉)နာရီက ကျွန်းကုန်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဂွေးသီးပေါ်ချိန် ရာသီစာအဖြစ် တစ်ပိုင်တစ်နိုင် ဂွေးချဉ်ပြုလုပ်ရောင်းချသူများ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိ
Aug 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဂွေးသီးများပေါ်ချိန်တွင် ရာသီစာအဖြစ် ‌တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်း လုပ်ကိုင်ကြသူများ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) ‌အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ‌ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။