ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာ၌ ကျေးလက်ဒေသရေရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရှိ ပြည်သူများ နွေရာသီကာလ သောက်ရေ၊ သုံးရေများ စဉ်ဆက် မပြတ်ရရှိစေရေး အတွက် မိုးရေသိုလှောင်ကန်များ တည်ဆောက်ပေးခြင်း၊ စက်ရေတွင်း များ တူးဖော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒေးဒရဲမြို့နယ်၊ ကျုံသင်ကျေးရွာတွင် ကျေးလက်ဒေသ ရေရရှိရေး စက်ရေတွင်း တူးဖော်နေမှုအား မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။