သတင်းများ

ချောင်းဆုံမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 25,2022
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေ စာရင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀) နာရီက မြို့နယ်(ထွေ/အုပ်)ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှမ်းပြည်နယ်အတွင်း မီးရရှိရေးသည်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်
Mar 25,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိမ်စင်ကြယ်ကုမ္ပဏီမှ လာရောက်တွေ့ဆုံရှင်းလင်းခြင်းကို ယနေ့ နံနက် (၁၀)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျား/မအခြေပြု အကြမ်းဖက်မှု (Gender based Violence) နှင့်ကျန်းမာရေးစောင့်ရှောက်မှု အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
Mar 25,2022
ကျား/မအခြေပြု အကြမ်းဖက်မှုခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြားလိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်ရေး အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပသည်။
ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ်နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတစ်လုံး တည်ဆောက်မှုလုပ်ငန်း (၆၀) ရာခိုင်နှုန်း ကျော်ပြီးစီး
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာတစ်လုံး တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ၁ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၆၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Mar 25,2022
နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပုရွက်ဆိတ်ကုန်း ကျေးရွာရှိ ရွာဉီးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ဖက်ပိတ်ဆည်မှ ရေမီတာစနစ်ဖြင့် ရေပေးရေးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 25,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက် ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် တစ်ဖက်ပိတ်ဆည်မှ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးရေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ မီနစ်၃၀ အချိန်က ထိန်တွေကျေးရွာမုခ်ဦးရှေ့တွင် ကျင်းပကြရာ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူခရိုင်၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ယူ
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။